top of page

မာရီယာမွန်တက်ဆိုရီ (Maria Montessori)

  • Writer: htike
    htike
  • Mar 12, 2020
  • 2 min read

ယနေ့ခေတ်မှာ မွန်တက်ဆိုရီကျောင်းလို့ပြောလိုက်တာနဲ့ ဆရာ/ဆရာမတွေကြားမှာ‌တော့ မသိသူမရှိလောက်အောင် နာမည်ကျော်ပြီးသားဖြစ်ပါတယ်။ ဒီမွန်တက်ဆိုရီကျောင်း‌တွေရဲ့ သင်ကြားနည်းဥပဒေသတွေကို စတင်တီထွင်ပေးခဲ့သူကတော့ ဆရာမကြီး မာရီယာမွန်တက်ဆိုရီပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မူကြိုပညာ‌ရေးမှာ‌တော့ မွန်တက်ဆိုရီနည်းလမ်းကို အပြည့်အ၀မဟုတ်ရင်တောင်မှ တစ်စိတ်တစ်ပိုင်းအနေနဲ့ အသုံးပြုနေဆဲပါ။

မာရီယာမွန်တက်ဆိုရီကို ၁၈၇၀ပြည့်နှစ်တွင် ‌မွေးဖွားပြီး ၁၉၅၂ ခုနှစ်၊ အသက် ၈၁နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။အီတာလျံအမျိုးသမီး ဆရာ၀န်တစ်ဦီးဖြစ်သလို ကျောင်းဆရာမလဲဖြစ်သည်။ မွန်တက်ဆိုရီ၏သင်ကြားမှုနည်းလမ်းကို ၁၉၀၇ခုနှစ်မှာ ‌ရောမမြို့တော််််မှာ စတင်မိတ်ဆက်ခဲ့တာပါ။ အဲ့ဒီနောက်တော့ ကမ္ဘာအနှံ့က လက်ခံလာပြီး ကျင့်သုံးလာကြပါတယ်။


မွန်တက်ဆိုရီဟာ ဆရာ/ဆရာမများက ငြိမ်းချမ်း‌ရေးလက်နက်များ ဖြစ်တယ်လို့လည်း ယုံကြည်သူဖြစ်ပါတယ်။

သူမသည် ဆရာများကို "ငြိမ်းချမ်းရေးလက်နက်" အဖြစ်သဘောထားသူဖြစ်ပြီး‌တော့ မွန်တက်ဆိုရီသင်နည်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို တစ်ဘက်တစ်လမ်းမှ ဆရာများ သို့မဟုတ် ဒါရိုက်တာများသည် အကောင်အထည်ဖော်ပေးနိုင်လိမ့်မည်ဟုယူဆထားပါတယ်။ ပညာသင်ကြားရေးဟာ ငြိမ်းချမ်းရေး အသွင်ဆောင်သဖြင့် ဆရာများကို ငြိမ်းချမ်းရေး လက်နက်အဖြစ်အသုံးချရန် စိတ်ကူးရသွားခြင်းဖြစ်ပါတယ်။

မွန်တက်ဆိုရီ သင်ကြားနည်းစနစ်တွင် ဘာသာရေးသည်လည်း အခရာကျပြီး ဘာသာတရားတွင် ရိုမင်ကက်သလစ်ဘာသာကို အလေးပေးသင်ကြားနိုင်စေရန် ပြဋ္ဌာန်းထားပါတယ်။ ဆရာမကြီး ရေးသားသွားတဲ့ ထင်ရှားသောကျမ်းများမှာ - The Montessori Method, 1912; Pedagogical Anthropology, 1913; The Absorbent Mind, 1949; and The Child in the Family, 1970 တို့ဖြစ်ပါတယ်။

မွန်တက်ဆိုရီပညာသင်ကြားနည်းတွင် ပထမ အဓိက အခြေခံချက်မှာ ကလေးများကို လွတ်လပ်စွာ လှုပ်ရှား ခွင့် ပေး၍ ထိန်းကျောင်းခြင်းပင် ဖြစ်သည်။ သို့ရာတွင် ကလေး များသည် မိမိတို့ရရှိသော လွတ်လပ်စွာ လှုပ်ရှားခွင့်ကို ကျင့်သုံးသည့်အခါ၌ စည်းကမ်းမဲ့ မဖြစ်စေရန် သတိချပ် ရသည်။ ကလေးများကို မိမိတို့ စိတ် ကြိုက်ရာ ရွေးချယ် လုပ်ကိုင်စေခြင်းအားဖြင့် ကိုယ့်ကံကြမ္မာ ကိုယ်တိုင် ဖန်တီး နိုင်ခြင်း၊ မကြောက်မရွံ့ လုပ်ကိုင်ဝံ့ခြင်း၊ သူတစ်ပါးအား အခွင့်အရေးပေးရန် ဆန္ဒဖြစ်ပေါ်ခြင်း စသော အရည်အချင်း များနှင့် ပြည့်စုံလာနိုင်သည်ဟူ၍လည်း သဘောပေါက်ခဲ့သည်။ကလေးများသည် အတန်းဆရာ၏ အခြိမ်းအခြောက်၊ အမြှောက် အပင့်ကြောင့် မဟုတ်ဘဲ မိမိတို့ ဝါသနာပါရာကို လုပ်ကိုင်စေခြင်းဖြင့် စိတ်ပါဝင်စားမှုကို ထိန်းပေး နိုင်သည်။ သို့ဖြစ်၍ မွန်တက်ဆိုရီး၏ ကျောင်းတွင် လွတ်လပ်မှုကို အဓိက ထားပါတယ်။

မွန်တက်ဆိုးရီး ပညာသင်ကြားနည်းတွင် ဒုတိယ အဓိကအခြေခံချက်မှာ အာရုံခွဲခြားသိမှုအတွက် လေ့ကျင့်သင်ကြား‌ေပေးခြင်းဖြစ်ပါတယ်။ ကလေးများအတွက် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ခန္ဓာကိုယ် စသော အင်္ဂါအရပ်ရပ်တို့ဖြင့် အာရုံခံစားရာ၌ ခွဲခြားသိတတ်ရန်အတွက် အလွယ်ကူဆုံးနှင့် အသင့်လျော်ဆုံး ပစ္စည်း ကရိယာများကို တီထွင်ထားရှိပါသည်။ ကလေးများကို ဆရာ/မများ၏ အကူအညီမပါဘဲ ထိုပညာပေး ပစ္စည်းကရိယာများဖြင့် ကစား စေခြင်းအားဖြင့် ကလေးများဟာ အာရုံ ခွဲခြားသိလာမှုကို အလိုအလျောက် သင်ယူရရှိဖို့ရန် ပြင်ဆင်ထားရှိပါတယ်။ ပုံစံအားဖြင့် သူ့အပိုင်းနှင့်သူ အထူအပါးညီမှ ဆက်စပ်၍ရအောင် ခွဲစိတ်ဖြတ်တောက်ထားသော ကစားစရာ တစ်ခုကို ကလေးအား ပြန်လည် ဆက်စပ်ခြင်းအားဖြင့် ပုံပန်း သဏ္ဌာန်တစ်ခုနှင့် တစ်ခုကိုသော်လည်းကောင်း၊ အထူအပါး တစ်ခုနှင့် တစ်ခုကိုသော်လည်းကောင်း ခွဲခြား၍ သိမြင်လာနိုင်‌‌အောင် ‌လေ့ကျင့်လို့ရတဲ့ သင်ကြား‌ရေးပစ္စည်းများကို အသုံးပြုခြင်း‌‌တွေပါဝင်ပါတယ်။ အခြားအာရုံများအတွက်လည်း သင့်‌တော်ရာသင်ထောက်ကူပစ္စည်းကရိယာများဖြင့် လက်တွေ့ခွဲခြားသိမြင်လာစေရန် ကလေးများအား သင်ကြား‌ပေးပါတယ်။

မွန်တက်ဆိုရီ ပညာသင်ကြားနည်းစနစ်တွင် တတိယအခြေခံအချက်မှာ နေ့စဉ်ဆောင်ရွက်ရသည့် ကိစ္စများ အတွက် လက်တွေ့ လေ့ကျင့်ခန်းများ ဖြစ်ပါတယ်။ ကလေးများဟာ ကြယ်သီးတပ်ခြင်း၊ ဖိနပ်ကြိုးတပ်ခြင်း၊ တံမြက်စည်းလှည်းခြင်း၊ ဆေးကြောခြင်း အစရှိတဲ့ ‌နေ့စဥ်လုပ်ဆောင်ရမယ့် လက်တွေ့လုပ်ငန်းများကို သင်ကြား လေ့လာမှုတွေကို ပြုလုပ်ခွင့် ‌ပေးပါတယ်။ ထိုအလုပ်များဟာ လူကြီးများအဖို့ မခက်ခဲသော်လည်း မိမိတို့၏ ကိုယ်အင်္ဂါအစိတ် အပိုင်းများကို ကျင်လျင်စွာ အသုံးမပြုတတ်သေးသူ ကလေးများအဖို့ လွယ်ကူသော အလုပ်မဟုတ်ပါ။ ထိုသို့ လုပ်ဆောင်ခွင့်ပေးရာမှာ ထပ်ခါထပ်ခါ လုပ်ဆောင်စေခြင်းဖြင့် ကလေးများဟာ မှန်ကန်စွာ လုပ်ဆောင်နည်းများကို သင်ယူကြပါတယ်။ အမှားလုပ်ခွင့်ပေးပြီး ကိုယ်တိုင်အမှန်ကို လုပ်ဆောင်နိုင်အောင် မိမိကိုယ်ကို သင်ယူခွင့် လွတ်လပ်ခွင့် ‌ပေးပါတယ်။ ထိုသို့အားဖြင့် ကလေးတို့၏ စိတ်ကူး ဉာဏ် ထက်သန်လာ၍ မိမိကိုယ်ကို မိမိအားကိုးစိတ် ပေါ်ထွက် လာနိုင်တယ်လို့ ဆရာမကြီးဒေါက်တာ မွန်တက်ဆိုရီးက ယုံကြည်ပါတယ်။

စာရေးစာဖတ်ကို သင်ကြားရာ၌လည်း စက္ကူကပ်ပြား ပေါ်တွင် သဲစက္ကူ(ကော်ပတ်စက္ကူ)ဖြင့် အက္ခရာ စာလုံးကို ဖော်၍ကပ်ထားပြီး ထိုသဲစက္ကူအက္ခရာပေါ်တွင် ကလေး၏လက်ဖြင့် ထပ်ရေးဆွဲစေ၍ နှုတ်မှ ထိုအက္ခရာ အသံထွက်ကို ရွတ်ဆိုစေတဲ့ နည်းလမ်းကို အသုံးပြုပါတယ်။ ရောင်စုံပုတီးစေ့များ၊ ဂေါ်လီလုံးများဖြင့်လည်း အပေါင်း၊ အနုတ်၊ အရေအတွက် စသည်တို့ကို လက်တွေ့သင်ပြခြင်းအားဖြင့် ကလေးများဟာ အရေး၊ အဖတ်၊ အတွက်သင်ယူမှန်းမသိပဲ ကစားနေသည်ဟူ၍ပင် ထင်မှတ်ပြီး သင်ယူရရှိကြပါတယ်။

မွန်တက်ဆိုရီသင်ကြားနည်းကို အသုံးပြုကြတဲ့ ‌ကျောင်း‌တွေမှာ ပရိဘောဂ ပစ္စည်း‌ေတွေကိိုို ‌ေဆေး‌ေရောင်စုံမဟုတ်ပဲ သဘာ၀အရောင်နဲ့သာ အသုံးပြုကြပါတယ်။ ပရိဘောဂတွေကို ကလေးလက်လှမ်းမှီတဲ့ ကလေးအရပ်နဲ့ သင့်တော်််််တဲ့ ဆိုဒ်အတိုင်းသာ အသုံးပြုပါတယ်။


 
 
 

Recent Posts

See All
ခက်ခဲသောကာလတွင် ကလေးများ၏ စိတ်ကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်း

ယခုကာလဟာ အားလုံးသိကြတဲ့အတိုင်းပဲ ကိုဗစ်ရောဂါကပ်ဆိုးကြောင့်တင်မကပဲ စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်နေ ကလေး၊လူကြီးမရွေး အားလုံးနီးပါး...

 
 
 

Comments


စာ‌စောင်များကိုရယူလိုပါက

Thanks for submitting!

  • Facebook Black Round

© 2023 by Precious Child

Proudly created with Wix.com

Tel: +66 0991479673

bottom of page