ကိုယ်၀န် ၂၁ ပတ်တွင် ဘာဖြစ်လာပြီလဲ
- htike

- Aug 5, 2020
- 1 min read
ဒီနေ့ကတော့ကျွန်မရဲ့ အသဲလေးဟာ ဗိုက်ထဲမှာ ၂၁ပတ်နဲ့ ၂ရက်သားဖြစ်နေပါပြီ။ ၂၁ပတ်သားရောက်လာပြီဆိုတော့

ကလေးလေးဟာ
၁။ ဗိုက်ထဲမှာ အတော်ကိုလှုပ်ရှားနေပါပြီ။ ဒါကြောင့်မေမေတို့ ကလေးလေးလှုပ်တာ ကန်တာတွေကို တော်တော်််သတိထားနေမိတော့မှာပါ။
၂။ ဘေဘီလေးတို့ရဲ့အရွယ်အစားဟာ မိခင်အာဟာရကောင်းရင်ကောင်းသလောက် ၀.၃၁ ကနေ ၀.၃၅ကီလိုဂရမ်အထိကို အလေးချိန်ရှိလာပါပြီ။ ကျွန်မ သုံးတဲ့ app မှာကတော့ ကလေးလေးဟာ ငှက်ပျောသီးခပ်ပြီးကြီး အရွယ်အစားလောက်ရြှိပီလို့ ဖော်ပြပါတယ်။ တဖြေးဖြေးကြီးထွားလာနေတာမို့ မေမေတို့ ဗိုက်််််ကြောပြတ်တာတွေလဲ အခုကနေ စတင်ဖြစ်လာပါတော့မယ်။ ဗိုက်ကြောပြတ်တာကိုကာကွယ်ချင်ရင်တော့သံလွင်ဆီတို့ ဗိုက်ကြောပြတ်တာကိုကာကွယ်နိုင်တဲ့ ခရမ်တွေလိမ်းပေးလို့ရပါတယ်နော််။
၃။ ဘေဘီလေးဟာ ခြေလေးတွေ လက်လေးတွေ တော်တော်ကို အချိုုးအစားကျလာပါပြီ။ မျက်ခွံလေးဟာလည်း ပုံစံတကျဖြစ်သွားပါပြီတဲ့။
၄။ ဒီအချိန်ကစလို့ ဘေဘီလေးဟာ အဟာရ ရရှိမယ့် အမိုင်နိုလို့ခေါ်တဲ့အရည်တွေကို စတင်မြိုချတတ်လာပြီမို့ မေမေတို့ စားသောက်တဲ့ အစားအစာရဲ့ အရသာတွေကို စတင်ခံစားတတ်လာပါပြီ။ ဒါကြောင့် ကလေးလေးကိုနောက်ပိုင်းများများစားစေချင်တဲ့ အစားအသောက်ကို ပိုစားပေးပါ။ ဒါမှ ကလေးဟာ ပြင်ပထွက်လာတဲ့အခါ အစားအသောက်ကြေးမများမှာပါနော််။ အသီးအရွက်တွေစားစေချင်ရင် ခုထဲက မေမေတို့လဲ အသီးအရွက်တွေများများစားပေါ့နော််။ ဒါမှ ကလေးလေးဟာ ဒီအရသာကို ရင်းနှီးနေမှာပါ။
၅။ ဒီကာလမှာ မေမေတို့ကတော့ရုတ်တရက် ၀ိတ်တွေတက်လာနိုင်ပါတယ်။ တစ်ပတ်မှာ အနည်ဆုံး တစ်ပေါင်နှုန်း တက်နိုင်ပါတယ်။ မေမေတို့စားတဲ့ အစားအသောက်ပေါ်မူတည်ပြီး ၀ိတ်တက်နှုန််း ကတော့တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပါဘူး။
၆။ အရေပြားနဲ့ပတ်သက်တဲ့ ပြဿနာတစ်ချို့လဲ မေမေတို့မှာ ရှိလာနိုင်တာကြောင့် အရည်များများသောက်သုံးပေးသင့်တဲ့ကာလပါပဲ။ အုန်းရည်တို့၊ လတ်လတ်ဆက်ဆက်ဖျော်ထားတဲ့ အသီးဖျော်ရည်များကို သောက်သုံးပေးသင့်ပါတယ်။ မိမိအသားအရည်ကိုလဲ ဂရုအလွန်စိုက်ရမယ့်ကာလဆိုလဲ မမှားပါဘူးနော််။
၇။ သွေးပေါင်ချိန်တွေကျပြီး ခေါင်းမူးတာမျိုးဟာလည်း ဒီကာလမှာ အဖြစ်များတာမို့ iron, zinc, protein ပါတဲ့ အစားအစာများကို ဂရုတစိုက် စားပေးသင့်ပါတယ်။
အရေးကြီးတာကတော့ကျွမ်းကျင်တဲ့ ဆရာ၀န်နဲ့ ကိုယ်၀န်အပ်ထားတာက စိတ်အချရဆုံးမို့ ကိုယ်၀န်မအပ်ရသေးတဲ့ မေမေတွေကတော့နီးစပ်ရာ ကျွမ်းကျင်တဲ့ သားဖွားမီးယပ်ဆရာ၀န်ထံမှာ ကိုယ်၀န်အပ်နှံလိုက်ပါနော််။
ကိုယ်၀န်ဆောင်မေမေများအားလုံးနဲ့ မွေးဖွားလာမယ့်သားသားမီးမီးလေးများ ကျန်းမာပါစေဟု ဆန္ဒပြုရင်း


Comments