top of page

ကလေးများနှင့် အာဟာရ

  • Writer: htike
    htike
  • May 29, 2025
  • 1 min read

အားလုံးအတွက် အစာအာဟာရသည် အရေးကြီး ပါသည်။ အထူးသဖြင့် ကလေးငယ်များအတွက် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ကလေး ဘဝ၏ ဖွံ့ဖြိုးမှုနယ်ပယ်အားလုံးနှင့် ၎င်းတို့လူကြီး ဖြစ်လာမည့် ကျန်းမာရေးအခြေအနေတို့သည် တိုက်ရိုက် ဆက်စပ်မှုရှိခြင်းကြောင့်ဖြစ်သည်။ ဥပမာ- အိုမီဂါ ဟုခေါ်သော ကောင်းသောအဆီဓါတ် မျှတစွာ စားသုံးသော ကလေးတစ်ဦးသည် နောက်ပိုင်းနှစ်များတွင် ဦးနှောက်နှင့် ဆိုင်သော လှုပ်ရှားမှုများ အတွက် ကောင်းသော အခွင့်အလမ်းများကို ဖန်တီးပေးနိုင် သကဲ့သို့ အဆီနှင့် ကိုလက်စထရောနည်းပါးသော စားသောက်မှု ပုံစံဖြင့် နေ့စဉ်စားသုံးသော ကလေးများ၌ နှလုံးရောဂါ ဖြစ်နိုင်ခြေကို အထူးလျော့ပါးစေနိုင်သည်။

အစာအာဟာရမျှတကောင်းမွန်စွာ စားသုံးသော ကလေးများသည် နေ့စဉ်လုပ်ဆောင်ခြင်း အစီအစဉ် များနှှင့် ကျောင်း၏သင်ယူခြင်း အစီအစဉ်များတွင် ကောင်းစွာ အာရုံစိုက်၍ ပျော်ရွှင်စွာ ပါဝင်လုပ်ဆောင် နိုင်သည်။


အအေးမိခြင်း၊ မကြာခဏဖျားနာခြင်း ကဲ့သို့သော ရောဂါများကို ပြန်လည်တိုက်လှန်ရာ၌လည်း ကောင်းသော အစာအာဟာရရှိခြင်းမှာ များစွာအထောက်အကူဖြစ်စေသည်။

အစာ အဟာရသည် ကလေးများအတွက် အရေးကြီးရခြင်းနောက်တစ်ချက်မှာ မူကြိုအရွယ် ကလေးများသည် အဟာရရှိသောအစာကို သူတို့ကိုယ်တိုင်ရွေးချယ် မစားတတ်သေးခြင်း ဖြစ်သည်။

ကံမကောင်းသည့်အချက်မှာ ကလေးများနှစ်သက်သော အရသာပါဝင်သည့် အစာအများစုမှာ ခန္ဓာကိုယ်အတွက် အကျိုးမပြု၊ ဆိုးသောအရာများသာအများအားဖြင့် ဖြစ်လေ့ရှိသည်။ ကလေးများ၏ဆန္ဒအရသာ ရွေးချယ်စားသုံးစေပါက သစ်သီးနှင့်ဟင်းသီးဟင်းရွက်များအစား ကျန်းမာရေးနှင့်မသင့်လျော်သော အစာကိုသာ ရွေးချယ်စားသုံးကြမည်ဖြစ်သည်။ မှန်ကန်သည့်အဟာရ ပါဝင်သောအစာကို စားသည့်အကျင့်ကို ငယ်စဉ်မှ လေ့ကျင့်ပေးခြင်းသည် ကျန်းမာရေးအတွက် ကောင်းသောအရာပင်ဖြစ်သည်။

လေ့လာမှုများအရ ငယ်စဉ်ကလေးဘဝမှ သင်ယူခဲ့သောအရာသည် ဘဝတစ်လျှောက်လုံးအတွက်ပင်ဖြစ်စေ နိုင်သည်။ ကလေးများကို ယခုငယ်စဉ်ဘဝမှ ကျန်းမာသောစားသောက်မှုပုံစံကို ယခုမှစတင်သင်ကြားပေးခြင်းဖြင့် ကျန်းမာပျော်ရွှင်သော လူနေမှုဘဝပုံစံကို စတင်တည်ဆောက်ကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။

မေတ္တာဖြင့်

Precious Child by Htike

Recent Posts

See All
ခက်ခဲသောကာလတွင် ကလေးများ၏ စိတ်ကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်း

ယခုကာလဟာ အားလုံးသိကြတဲ့အတိုင်းပဲ ကိုဗစ်ရောဂါကပ်ဆိုးကြောင့်တင်မကပဲ စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်နေ ကလေး၊လူကြီးမရွေး အားလုံးနီးပါး...

 
 
 

Comments


စာ‌စောင်များကိုရယူလိုပါက

Thanks for submitting!

  • Facebook Black Round

© 2023 by Precious Child

Proudly created with Wix.com

Tel: +66 0991479673

bottom of page