top of page

မူကြိုအရွယ်ကလေးများနှင့် စာဖတ်ခြင်း

  • Writer: htike
    htike
  • Feb 14, 2020
  • 1 min read

Updated: Feb 20, 2020

မူကြိုအရွယ်တွင်ကလေးငယ်များသည် အက္ခရာစဉ်များ၊ အသံထွက်များ၊ ရုပ်ပုံကလေးများနှင့် စာအုပ်များထဲမှစာလုံးလေးများကို သင်ယူရင်း အလုပ်ရှုပ်နေတတ်ကြသည်။ တစ်ခါတစ်ရံ မိမိဘာသာတစ်ဦးတည်း စကားပြောခြင်း၊ သိထားသောကဗျာများ၊ သီချင်းများကိုသီဆိုခြင်း၊ စာရွက်တစ်ခုခုပေါ်တွင် ရေးခြစ်ခြင်းများလုပ်နေတတ်ကြသည်။ ဤအရာများကို ကလေးများလုပ်ဆောင်နေခြင်းကို တွေ့ရလျှင် အလွန်ကောင်းပါသည်။ ထိုအချိန်သည် ကလေးငယ်များအတွက်စကားပြောပိုမိုသွက်လက်လာစေရန်နှင့် အပြင်စာအုပ်များထဲမှ စကားလုံးများကို ပိုနားလည်လာအောင်သင်ယူနိုင်ရန် အချိန်ကောင်းဖြစ်ပါသည်။ ထိုသို့သင်ယူနိုင်ရန်အတွက် ဝေးဝေးလံလံ လိုက်ရှာနေရန်မလိုပါ။ သွားရင်းလာရင်းနှင့် ပတ်ဝန်းကျင်တွင်ရှိသော ဆိုင်းဘုတ်များ၊ ကြော်ငြာ စာရွက်များမှရုပ်ပုံနှင့်စာလုံးများကို ဖတ်ပြခြင်းဖြင့် ကလေးများကိုယ်တိုင်သင်ယူနိုင်ပါသည်။

သင့်ကလေးငယ် စာဖတ်ခြင်းအလေ့တိုးတက်လာစေရန် တစ်နေ့ကို အချိန် ၁၅မိနစ်ခန့်ယူပြီးစာဖတ်ပြပါ။

စာဖတ်နေစဉ်အချိန်သည် ကလေးများ စာအုပ်ထဲမှ စာလုံးများကို မြင်ပြီးဖြစ်ပါသည်။ ပုံပြင်ဖတ်နေစဉ်အချိန်အတွင်း စာအုပ်ကို မည်ကဲ့သို့ကိုင်ရမည်၊ စာရွက်ကိုမည်ကဲ့သို့လှန်ရမည် ဆိုသည်ကို တစ်ပြိုင်တည်းသင်ယူနိုင်ပါသည်။ ထို့အပြင် စာအုပ်ထဲမှစာလုံးတစ်လုံးစီ တွင် အဓိပ္ပါယ်တစ်မျိုးစီရှိကြောင်း သဘောပေါက်လာမည်ဖြစ်သည်။ဂရုစိုက်နားထောင်နိုင်လာပြီး ပုံပြင်နှင့် စာဖတ်ခြင်းကိုလည်း ကြိုက်နှစ်သက်လာမည်ဖြစ်သည်။


မူကြိုအရွယ် ကလေးများအတွက်ရွေးချယ်ပေးသင့်သော စာအုပ်အမျိုးအစားများ

- စာလုံး၊ စာအုပ်ပုံစံနှင့် အရောင်များပါပြီး ရိုးရိုးရှင်းရှင်းဖြစ်သော စာအုပ်များ

- ရိုးရိုးလေးနှင့် ပျော်ရွှင်ဖွယ်ကောင်းပြီး ထပ်ခါထပ်ခါစကားလုံးများပါဝင်သော ပုံပြင်စာအုပ်များ



- ကဗျာတိုလေးများနှင့် ကလေးသီချင်းများပါ၀င်သောစာအုပ်များ



- အရောင်စုံစုံနှင့် ရိုးရှင်းစွာ ရေးဆွဲထားသော ရုပ်ပုံကားချပ်နှင့် ဓာတ်ပုံများပါ၀င်သောစာအုပ်များ

- တိရိစ္ဆာန်(သို့)ကလေးငယ်များ ဇာတ်လိုက်အဖြစ် ဦးဆောင်ပါဝင်သော ပုံပြင်စာအုပ်များ




ကိုးကားချက်။ ။ ကလေးငယ်တို့အနာဂတ်လှပဖို့ စာဖတ်ခြင်းဖြင့်မြှင့်တင်စို့ စာအုပ်

ပုံများကိုအခြားအင်တာနက်စာမျက်နှာများမှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Recent Posts

See All
ခက်ခဲသောကာလတွင် ကလေးများ၏ စိတ်ကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်း

ယခုကာလဟာ အားလုံးသိကြတဲ့အတိုင်းပဲ ကိုဗစ်ရောဂါကပ်ဆိုးကြောင့်တင်မကပဲ စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်နေ ကလေး၊လူကြီးမရွေး အားလုံးနီးပါး...

 
 
 

Comments


စာ‌စောင်များကိုရယူလိုပါက

Thanks for submitting!

  • Facebook Black Round

© 2023 by Precious Child

Proudly created with Wix.com

Tel: +66 0991479673

bottom of page