top of page

ကလေးများ စိတ်ဖိစီးလာ‌သောအခါဖြစ်တတ်သောအချက်များ

  • Writer: htike
    htike
  • Feb 6, 2020
  • 1 min read

Updated: Mar 6, 2020

စိတ်ဖိစီးမှုလို့ ‌ပြောတဲ့အခါ အများစုက လူကြီး‌တွေမှာပဲဖြစ်တယ်လို့ထင်တတ်ကြပါတယ်။ တကယ်တော့ စိတ်ဖိစီးမှုဟာ ကလေး‌တွေမှာလဲ ဖြစ်လေ့ရှိပါတယ်။ အသက်အရွယ်နဲ့မဆိုင်ပဲ ‌နေထိုင်ရာပတ်၀န်းကျင်၊ ကျန်းမာ‌ရေးအနေအထား၊ ‌နေ့စဥ်ပြုလုပ်လေ့ ကြုံတွေ့ရလေ့ရှိတဲ့ အရာ‌တွေပေါ်မှာ မူတည်ပြီး ဖြစ်လေ့ရှိတတ်ပါတယ်။


အောက်ပါအချက်တွေကို ကလေး‌တွေဆီမှာ‌တွေ့ရပြီဆိုရင်တော့ သူတို့လေး‌တွေစိတ်ဖိစီးမှု ကြုံနေရပြီလို့ပြောနိုင်ပါတယ််။

၁။ စိတ်အပြောင်းအလဲမြန်လာခြင်း။ စိတ်တိုလွယ်/ငိုလွယ်ခြင်း။

၂။ ဟန်ဆောင်တတ်လာခြင်း။

၃။ ‌အော်ဟစ်ပြေးလွှား‌နေခြင်း။

၄။ သာမန်ထက်ပို၍ တိတ်ဆိတ်လာခြင်း။

၅။ အိပ်ယာထဲတွင် ရှူူးရှူး‌ပေါက်ချခြင်း။

၆။ ‌ကျောင်းသင်ခန်းစာများတွင် အာရုံစူးစိုက်မှုလျော့နည်းလာခြင်း။

၇။ လက်စုပ်ခြင်း/လက်သည်းကိုက်ခြင်း/ နှာ‌‌‌ခေါင်းနှိုက်ခြင်း/ ဆံပင်ဆွဲလိမ်ခြင်း။

၈။ အိပ်မပျော်ခြင်း/အိမ်မက်ဆိုးများမက်ခြင်း။

၉။ လိမ်ပြောခြင်း။

၁၀။ သူတစ်ပါးကိုအနိုင်ကျင့်ခြင်း(သို့) အနိုင်ကျင့်ခံရခြင်း။

၁၁။ လူကြီးမိဘများကို ပို၍တွယ်ကပ်လာခြင်း။

၁၂။ အိပ်ချိန်စားချိန် မမှန်တော့ခြင်း/အစားနည်းလာခြင်း/အစားများလာခြင်း။

၁၃။ ‌ပုံမှန်နှင့်မတူတော့ပဲ လူစိမ်းများ၊တစ်ယောက်တည်း‌နေရခြင်းနှင့် အမှောင်ကိုကြောက်တတ်လာခြင်း။

၁၄။ ‌ကျောင်းသွားရန်အကြောက်အကန်ငြင်းဆန်လာခြင်း။

၁၅။ ‌ပျော်‌ရွှင်မှုလျော့နည်းလာခြင်း။

စသည်ဖြင့် စိတ်ဖိစီးမှုပမာဏ အနည်းအများအလိုက် အထက်ပါ လက္ခဏာ‌တွေဟာ အတိုးအလျော့ရှိတတ်ပါတယ်။ ကလေး‌တွေ စီတ်ဖိစီး ‌နေပြီလားဆိုတာ ဘယ်နည်းလမ်း‌တွေနဲ့ သိရှိနိုင်ပါသလဲ၊ ကလေးများစိတ်ဖိစီး‌သောအခါဘာလုပ်သင့်သလဲ။ ဘာ‌ကြောင့်ကလေးများစိတ်ဖိစီးရသနည်း စတဲ့အကြောင်းအရာများကိုလည်း ဆက်လက်ရေးသား‌ပေးသွားပါဦီးမည်။

ကိုးကား

kidshealth.org

Recent Posts

See All
ခက်ခဲသောကာလတွင် ကလေးများ၏ စိတ်ကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်း

ယခုကာလဟာ အားလုံးသိကြတဲ့အတိုင်းပဲ ကိုဗစ်ရောဂါကပ်ဆိုးကြောင့်တင်မကပဲ စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်နေ ကလေး၊လူကြီးမရွေး အားလုံးနီးပါး...

 
 
 

Comments


စာ‌စောင်များကိုရယူလိုပါက

Thanks for submitting!

  • Facebook Black Round

© 2023 by Precious Child

Proudly created with Wix.com

Tel: +66 0991479673

bottom of page