Our Story
Precious Child မှ ကြိုဆိုပါတယ်။
ကလေးများ၏ ဖွံ့ဖြိုးမှုနှင့် သားသမီးများကို ပြုစုပျိုးထောင်သည့် နည်းလမ်းကောင်းများကိ ု သိလိုပါက ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။
ယနေ့ခေတ်ကလေးများကို ပြုစုစောင့်ရှောက်မှု နည်းလမ်းများဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များကနဲ့တောင်မတူတော့ပဲ ပြောင်းလဲလာတာကို မိဘများအားလုံး သတိထားမိကြမှာပါ။ ပညာရေးစနစ်ဟာ ဆိုရင်လည်း အရွှေ့ အပြောင်းများစွာနဲ့ တစ်နေ့ထက်တစ်နေ့ ထူးခြားတိုးတက်လာနေပါတယ်။ ဒီလို အပြောင်းအလဲများကြားမှာ သားသမီးများ/ကလေးများကို ခေတ်နှင့်အညီ ဆုံးမသွန်သင်နိုင်ဖို့နဲ့ သင်ကြားပြသနိုင်ဖို့ဟာ မိဘများ/ဆရာများအတွက် စဥ််းစားစရာ တစ်ခုဖြစ်လာပါတယ်။ ဒီ Precious Child ဘလော့ဂ်လေးမှ မိဘများ၊ အဘိုးအဘွားများ၊ ဆရာ၊ ဆရာမများ၊ ဦီးလေး၊ အဒေါ်များနှင့် ကလေးပြုစုစောင့်ရှောက်သူများ အတွက် ကလေးများပြုစုစောင့်ရှောက်နည်းလမ်းများနှင့် အခြားစိတ်၀င်စားဖွယ်ရာ ဗဟုသုတများကိုလည်း ဝေမျှပေးသွားပါမယ်။
စာရေးသူဟာ မူကြိုလုပ်ငန်းအတွေ့အကြုံ ဆယ်နှစ်ကျော်ရှိပြီဖြစ်ပြီး Network International School ဆိုတဲ့ နိုင်ငံတကာကလေးများစွာ တက်ရောက်တဲ့ကျောင်းမှာ လုပ်ငန်းအတွေ့အကြုံ ၆နှစ် နှင့် Myanmar Vision Preschool ကျောင်းမှာတော့ ကျောင်းအုပ်ဆရာမအဖြစ် ၅နှစ်တာ တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Assumption University (ABAC University) မှာ Counselling Psychology ဘာသာရပ်နဲ့ မာစတာတန်းကိုတက်ရောက်လေ့လာနေရင်းနဲ့ Danyela Learning Center နဲ့ ပညာရွှေအိုး learning Centerတို့မှာ အချိန်ပိုင်း အင်္ဂလိပ်ဆရာမအဖြစ်နဲ့လည်း တာ၀န်ယူလုပ်ကိုင်နေပါတယ််။
စာများကိုတစ်ဆင့်ပြန်လည်ဝေမျှနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းများအတွက် ပြန်လည်ကူးယူရေးသားခြင်းကို ခွင့်မပြုပါ။
မိမိတို့၏ စီးပွားရေးလုပ်ငန်းအတွက် ကူးယူဖော်ပြလိုပါက အောက်ပါအတိုင်းဆက်သွယ်ပါ။
