top of page

ကိုယ်၀န် ၁၈ပတ်တွင် ဘာတွေဖြစ်လာပြီလဲ။

  • Writer: htike
    htike
  • Jul 18, 2020
  • 1 min read

Updated: Jul 23, 2020

ကျွန်မကိုယ်တိုင်က မိခင်လောင်းဖြစ်လာတဲ့အခါ ကလေးလေးကို ကောင်းစွာပြုစုပျိုးထောင်ဖို့ ကျွန်မ မသိသေးတဲ့အရာတွေကို စတင်လေ့လာရှာဖွေရင်းနဲ့ ဖတ်ဖြစ်ခဲ့တဲ့ ကိုယ်၀န်ဆောင်တွေနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေကို မျှ‌ဝေသွားဖို့စိတ်ကူးမိလို့ ဒီစာလေးကိုရေးလိုက်ရခြင်းဖြစ်ပါတယ်။

အခုတော့ ဘေဘီလေးကဗိုက်ထဲမှာ ၁၈ပတ်တင်းတင်းပြည့်နေပါပြီ။ ကိုယ်၀န် ၁၈ပတ်ဖြစ်တဲ့အခါ မိခင်နဲ့ကလေးမှာဘာတွေဖြစ်လာပြီလဲ ကြည့်ရအောင်နော်။


ကလေးလေးမှာတော့

၁။ သူ့ရဲ့လက်ဗွေရာလေးတွေစတင်ပေါ်ထွက်လာပါပြီ။

၂။ နားရွက်ကလေးဟာလဲပိုပြီးပုံပေါ်လာပြီး ပြင်ပအသံတွေကိုကြားနိုင်လာပါပြီ။ ဒါကြောင့်ဘေဘီလေးကို မေမေ၊ဖေဖေတို့စကားပြောပေးတာ၊ သီချင်းဆိုပြတာ၊ သီချင်းဖွင့်ပြတာနဲ့ ပုံပြင်ပြောတာတွေစလုပ်ပေးလို့ ရပါပြီ။ အပြင်ကဆူညံသံတွေကိုလဲ တုန့်ပြန်လာတော့မှာပါ။

၃။ ဘေဘီလေးရဲ့သည်းခြေအိတ်ဟာ စတင်အလုပ်လုပ်လာပါပြီ။

၄။ ၁၈ပတ်သားဘေဘီလေးဟာ ကန်စွန်းဥလေး (သို့) သခွားသီးလေးလောက်ကြီးလာပါပြီ။ အတိအကျ‌ပြောရရင်တော့ ၅လက်မ(သို့)၅လက်မခွဲ (၁၄စင်တီမီတာကျော်ကျော််)အရွယ် ရှိနေပါပြီ။

၅။ ကိုယ်အလေးချိန်ကတော့ ၇အောင်စ(သို့) ၈အောင်စလောက်အထိရှိလာပါပြီ။

၆။ အကဲလေးတို့ဟာ ဒီအချိန်မှစတင်လှုပ်ရှားတာတို့ကန်တာတို့လုပ်တော့မှာပါ။ အချို့မိခင်တွေက ကလေးလေးရဲ့လှုပ်ရှားမှုကို စတင်ခံစားရလာပါမယ်။ ကလေးလေးမကန်သေးရင်လဲ စိတ်မပူပါနဲ့ဦးနော်။

၇။ ဒီအရွယ်ဘေဘီလေးတွေဟာ စတင်ပြီးတော့အိပ်တဲ့အကျင့်ကို လုပ်ဆောင်လာပါပြီ။ ဒီထက်ကြီးလာလေလေ သူတို့လေးတွေရဲ့ အိပ်ချိန်လေးတွေဟာ ပိုမှန်ပြီးတိကျလာမှာပါ။ ဘေဘီလေးတွေဟာ သန်းလဲသန်းတတ်လာပါပြီတဲ့ရှင်။

မေမေတွေကတော့

၁။ ဘေဘီလေးရဲ့လှုပ်ရှားမှုကိုစတင်သိရတော့မှာပါ။ ဒီအချိန်မှာတော့ အားပျော့ပျော့လေးပဲကန်ဦးမှာပါ။

၂။ ညဘက်တွေမှာ ခြေထောက်ကြွက်တက်တာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် လမ်းလျှောက်တာ၊ ကိုယ်ဝန်ဆောင်များလုပ်လို့ရတဲ့လေ့ကျင့်ခန်းလုပ်တာနဲ့ ရေ‌နွေးနွေးလေးနဲ့‌ရေချိုးတာတွေပြုလုပ်ပေးနိုင်ပါတယ်။

၃။ ကလေးလေးဟာ တဖြေးဖြေးကြီးလာမှာကြောင့် ဗိုက်ကြွက်သားချဲ့တာ၊ ဟော်မုန်းပြောင်းလဲတာတွေဖြစ်လာတော့မှာပါ။ ဒါကြောင့် ခါးနာတာ၊ခါးကိုက်တာတွေလဲ စတင်ခံစားရလာနိုင်ပါတယ်။

၄။ မေမေတို့ရဲ့နှလုံးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ သာမန်ထက် ၄၀ကနေ၅၀ရာခိုင်နှုန်းအထိပိုအလုပ်လုပ်ရတာကြောင့် ခေါင်းမူးတာမျိုးတွေလဲ ခံစားရတတ်ပါတယ်။ ဒါကြောင့် သွေးအားကောင်းစေမယ့် အစားအစာတွေကိုလည်း ဂရုတစိုက်စားပေးရပါမယ်။

၅။ အာထရာဆောင်းရိုက်ကြည့်မယ်ဆိုရင် ဘေဘီလေးကို သားသားလေးလား၊ မီးမီးလေးလားသိရတော့မှာပါ။ ဒါပေမယ့် ဒီထက်နဲနဲစောင့်ရင်တော့ပိုသေချာမှာပါ။

၆။ ကိုယ်ဝန်၁၈ပတ်ဆိုတော့အတိအကျပြောရရင် လေးလနဲ့၂ပတ်ပါ။ မွေးဖွားမယ့်ရက်ကတော့‌နောက်ထပ် ၂၂ပတ်အကြာမှာပါ။

၇။ တချို့မေမေတွေဟာ ဗိုက်ထွက်လာပြီမို့ လှုပ်ရှားရတာ၊ ကုန်းရကွရတာတွေအဆင်မပြေဖြစ်လာတော့မှာပါ။ ဒီအချိန်မှာ ဇိုးကနဲဇတ်ကနဲ ပစ္စည်းကုန်းကောက်တာတွေ အလေးအပင်မတာတွေ ရှောင်ကျဥ်ရပါတော့မယ်။ အိပ်ယာကထရင်လဲဖြေးညှင်းစွာ ထရပါမယ်။


မေမေတွေဂရုတစိုက်ပြုလုပ်သင့်တဲ့အရာတွေကတေ့ာ

  • သွေးအားကောင်းစေမယ့်အစားအစာများကို စားသုံးပေးပါ။

  • Omega-3 ပါဝင်တဲ့အစားအစာများကိုစားသုံးပေးပါ။ ဥပမာ-ပန်းဂေါ်ဖီစိမ်း၊သစ်ချသီး။ အိုမီဂါဟာ မိခင်အတွက်လိုအပ်တဲ့အာဟာရ ဖြစ်သလို၊ ဘေဘီလေးတွေရဲ့ဦးနှောက်နဲ့အာရုံကြောကောင်းစွာဖွံ့ဖြိုးဖို့လိုအပ်တဲ့အာဟာရဖြစ်ပါတယ်။

  • ဘေဘီလေးကို စကားစပြောပေးဖို့လဲမမေ့ပါနဲ့။

  • စိတ်ဖိစီးမှုကင်းဝေးအောင်လဲဂရုစိုက်ပါ။

  • နှစ်ယောက်စာပိုစားရမယ်ဆိုတဲ့အတွေးကိုဖျောက်ပြီး ကျန်းမာပြီးအာဟာရဖြစ်စေမယ့် အစားအစာများကိုရွေးချယ်စားသုံးပါ။ တစ်နေ့ကို ကယ်လိုရီ ၂၀၀၀ လောက်စားရင်လုံလောက်ပါတယ်။

  • ကိ့ယ်ဝန်မအပ်ရသေးဘူးဆိုရင်တော့ ကျွမ်းကျင်တဲ့ မိမိစိတ်ချရတဲ့ သားဖွားမီးယပ်ဆရာဝန်ဆီမှာ ကိုယ်ဝန်ကိုစတင်အပ်နှံပြီး ဆရာဝန်ညွန်ကြားချက်အတိုင်း စတင်လိုက်နာဆောင်ရွက်ပါ။

ဘေဘီလေးနှင့်မိခင်များအားလုံးကျန်းမာကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်

ထိုက်ထိုက်

 
 
 

Recent Posts

See All
ခက်ခဲသောကာလတွင် ကလေးများ၏ စိတ်ကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်း

ယခုကာလဟာ အားလုံးသိကြတဲ့အတိုင်းပဲ ကိုဗစ်ရောဂါကပ်ဆိုးကြောင့်တင်မကပဲ စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်နေ ကလေး၊လူကြီးမရွေး အားလုံးနီးပါး...

 
 
 

Comments


စာ‌စောင်များကိုရယူလိုပါက

Thanks for submitting!

  • Facebook Black Round

© 2023 by Precious Child

Proudly created with Wix.com

Tel: +66 0991479673

bottom of page