ဖတ်ပြခဲ့ဖူးသမျှထဲမှ ကလေးများကြိုက်နှစ်သက်ကြသော ပုံပြင်စာအုပ်များ
- htike

- Jan 17, 2020
- 1 min read
နိုင်ငံတကာ ကလေးများတက်တဲ့ ကျောင်းမှာ ဆရာမအဖြစ် လုပ်ခဲ့စဥ်က ကလေးများကိုဖတ်ပြခဲ့ဖူးသော ပုံပြင်စာအုပ်များထဲမှ သူတို့လေးတွေ အရမ််းကြိုက်နှစ်သက်တဲ့ စာအုပ်အချို့ကို ဖော်ပြလိုက်ရပါတယ်။ အခုဖော််််််ပြပေးမှာတွကတော့ အင်္ဂလိပ်လိုရေးသားထားတဲ့ ပုံပြင်စာအုပ်တွေပါနော််။ ရေးသားထားတဲ့ စာအုပ်တွေဟာ ကျွန်မကိုယ်တိုင်ဖတ်ပြခဲ့တာတွေဖြစ်ပြီး ကလေးများနှစ်သက်တဲ့စာအုပ်များသာဖြစ်ပါတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်အတွေ့အကြုံသာဖြစ်ပါတယ်။

ပုံပြင်ဆိုတာဟာ ကလေးဘ၀ရဲ့ မရှိမဖြစ်ပါ၀င်ရမယ့် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။
The very hungry caterpillar
သူကတော့ စာရေးဆရာ Eric Carle ရဲ့ အကောင်းဆုံးသော စာအုပ်တွေထဲက တစ်ခုပါ။ ဘောက်ဖက်ကလေးကနေ လှပတဲ့လိပ်ပြာလေးအဖြစ်ပြောင်းသွားတဲ့ အကြောင်းလေးပါ။ အဲ့ဒီစာအုပ်တစ်ခုလုံးမှာ ရက်သတ္တပတ်ရဲ့ နာမည်တွေ၊ အသီးနာမည်တွေ၊ နံပါတ်တွေကို သင်ယူနိုင်ပြီး သင်ယူမှုအတွက်လဲ အကျိုးရှိသလို ကလေးတွေအတွက် ဘယ်အခါဖတ်ပြဖတ်ပြ မရိုးနိုင်တဲ့ စာအုပ်လေးပါ။ ဆရာမတွေရဲ့ အသဲကျော်လက်စွဲစာအုပ်တစ်ခုဆိုလည်း မမှားပါဘူး။
The Gruffalo
ဒီစာအုပ်ကလေးကတော့ တော်တော်ကိုချစ်စရာကောင်းတဲ့ ပုံပြင်လေးပါပဲ။ ကြွက်သေးသေးလေးကို ဘီလူးကြီးလို အကောင်အကြီးကြီးက ကြောက်ရတဲ့ အကြောင်းလေးပါ။ ဥာဏ်ကောင်းလွန်းတဲ့ ကြွက်ကလေးကို ကလေးတွေက သဘောကျမှကျပါပဲ။
what color is your underwear?
သူလေးကတော့ scholastic ကထုတ်ဝေတဲ့ စာအုပ်ကောင်းလေးတစ်ခုဖြစ်ပြီးတော့ ဖတ်ပြတိုင်း ကလေးတွေ သဘောကျလွန်းလို့ တစ်ခန်းလုံးရီသံတွေနဲ့ ပြည့်နေတဲ့ စာအုပ်လေးပါ။ တစ်မျက်နှာ ရောက်သွားလိုက် တိရိစ္ဆာန်လေးတွေရဲ့ အောက်ခံဘောင်းဘီအရောင်ကို ခန့်မှန်းပြီး လှန်ကြည့်လိုက်နဲ့ ပျော််နေကြရောပဲ။ ပုံပြင်တစ်အုပ်လုံးရဲ့ နောက်ဆုံးစာမျက်နှာလေးက အသက်ပါပဲ။
The very quiet cricket
ဒီပုံပြင်လေးဖတ်ပေးတိုင်း သားသမီးလေးတွေစိတ်မကောင်းဖြစ်ရတယ်။ အဆုံးသတ်ကျမှ သူတို့ခမျာ ပျော်ရရှာတာ။ ပုရစ်ကလေးက အသံမထွက်လို့ သနားနေကြတာ။သူက ကလေးကြိုက်ပုံပြင်များကိုရေးတဲ့ Eric Carle ရဲ့ နောက်ထပ်စာအုပ်ကောင်းတစ်ခုပါပဲ။ ကလေးတွေအတွက် ခံစားမှုကို သင်ယူနိုင်တဲ့ စာအုပ်ကောင်းလေးတစ်ခုပါပဲ။
Are you my mummy?
ဒီစာအုပ်ကတော့ မျောက်ကလေးက သူ့မေမေကိုလိုက်ရှာတဲ့ ပုံပြင်လေးပါ။ စာအုပ်တစ်ခုလုံးမှာ တိရိစ္ဆာန် လေးတွေရဲ့ နာမည်ကို သင်ယူနိုင်ပါတယ်။ ကလေးတွေအတွက်ကတော့ မျောက်ကလေးရဲ့မေမေကိုတွေ့တော့နိုးနိုးနဲ့ ရင်ခုန်ရင်း နားထောင်ရတဲ့ ပုံပြင်လေးပါပဲ။ ဒီနာမည်နဲ့တူတဲ့ တိရိစ္ဆာန်လေးတွေပဲကွာသွားတဲ့ ပုံပြင်စာအုပ်လေးတွေအများကြီးရှိပါတယ်။
Sylvester and the magic pebble
သူကမှော်ကျောက်တုံးလေးရပြီးတော့ ကိုယ်ပျောက်သွားတဲ့ Sylvester ဆိုတဲ့ မြည်းလေးအကြောင်းပါ။ ကိုယ်ဖတ်ပြတုန်းက ကျောက်ခဲကလေး တစ်ခုကိုင်ပြီး ဖတ်ပြတော့ ကလေးတွေဆို အဲ့ဒီကျောက်ခဲလေးကို ကိုင်ပြီး ကိုယ်ပျောက်ချင်ကြသေးတာ။ ကလေးတွေ အတော်ကို စိတ်၀င်စားတဲ့ ပုံပြင်လေးတစ်ခုပါပဲ။
Corduroy
ကြယ်သီးကျပျောက်သွားတဲ့ ၀က်၀ံလေးပုံပြင်ဟာလည်း အတော်ကို ကြိုက်ကြပါတယ်။ ဆရာမဖြစ်တဲ့ ကိုယ်ကတော့ဒီပုံပြင်ကို သိပ်မကြိုက်ပေမယ့် ကလေးတွေကြိုက်ကြတော့ အတော်ကို ဖတ်ပြဖြစ်တဲ့ စာအုပ်တစ်အုပ်ပါပဲ။
Don't let the pigeon drive the bus
ဒီစာအုပ်ကလဲ စာနဲနဲလေးပဲပါတဲ့ အတော်ကို ရီရတဲ့ ပုံပြင်စာအုပ်ပါ။ ခိုကလေးက ဘက်စ်ကားကြီးကို မောင်းချင်လို့ အော်ဟစ်နေတဲ့ အပိုင်းက အသက်ပါပဲ။ ပြောပြတဲ့ဆရာ/မက ပြောရင်ပြောတတ်သလောက်ဟာသဖြစ်ပါတယ်။
ပုံပြင်ဖတ်ရင်း ကလေးများ ကောင်းစွာ သင်ယူနိုင်ရန် ကူညီပေးပါ။


Comments