top of page

ကလေးများဦးနှောက်ဖွံ့ဖြိုးစေဖို့

  • Writer: htike
    htike
  • Jan 17, 2020
  • 1 min read

Updated: Mar 6, 2020

ကလေးများ ဦီးနှောက်နှင့် ဥာဏ်ရည်ကောင်းစွာ ဖွံ့ဖြိုး‌စေရန် မိဘများသိထားသင့်သော အချက်၇ချက်



မွေးကင်းစအရွယ်မှ အသက် ၈နှစ်အထိက ကလေးများဦးနှောက်ဖွံ့ဖြိုးစေဖို့ အ‌ကောင်းဆုံးအရွယ်ပါပဲ။ ဒီအရွယ်မှာ ကောင်းစွာ ပြုစုစောင့်ရှောက်ရင် ‌ကောင်းမွန်တဲ့ ရလာဒ်တွေကိုတွေ့မြင်ရမှာ အမှန်ပါပဲ။ ဦးနှောက်ကောင်းစွာ ဖွံ့ဖြိုးပါမှ သင်ယူခြင်းမှာရော အခြားသော အရာတွေမှာပါ ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှာပါ။ ဦးနှောက်ကောင်းစွာ ဖွံ့ဖြိုးစေဖို့ အောက်ပါအချက်လေးတွေကို လိုက်နာသင့်ပါတယ်။


၁။ အိပ်ရေး၀၀အိပ်ပါစေ။

ကလေးများအတွက် အိပ်ချိန်အနည်းဆုံး ၈နာရီမှ ၁၁နာရီအထိရှိရပါမယ်။ အထူးသဖြင့် မွေးကင်းစမှ အသက် ၂နှစ် အထိကလေးများက အိပ်ချိန် ၁၂မှ၁၇နာရီအထိ လိုအပ်ပြီး အသက် ၂မှ ၅ အထိကလေးများကတော့ အိပ်ချိန် ၁၀မှ၁၄နာရီအထိ လိုအပ်ပါတယ်။ အရေးကြီးတာက စောစောအိပ်ပြီး စောစောထဖို့ပါပဲ။ ကလေးများကို ညဘက်နောက်အကျဆုံး ည၁၀နာရီမှာ သိပ်ဖို့လိုပါတယ်။ ညနက်တဲ့အထိ မနေခိုင်းဖို့လိုအပ်ပါတယ်။


၂။ စာဖတ်ခိုင်းပါ။

ကလေးများကို စာဖတ်တဲ့အကျင့်ကို ငယ်ရွယ်စဥ်က စပြီး လေ့ကျင့်ပေးဖို့လိုပါတယ်။ စာလုံးများကို သေချာမဖတ်နိုင်သေးရင်တောင်မှ ရုပ်ပြပုံများကိုကြည့်ပြီး စာအုပ်များကိုဖတ်ဖို့ အားပေးပါ။ ရုပ်ပုံများကို ကြည့်ပြီး စဥ်းစားတွေးခေါ်တတ်အောင် သင်ပေးရပါမယ်။ အသက်အရွယ်အလိုက် ဖတ်သင့်သော စာအုပ်များကိုလဲ နောက်ပိုင်းမှာ ဖော်ပြပေးသွားပါမယ်။


၃။ ခန္ဓာကိုယ်လှုပ်ရှားကစားစေပါ။

ကိုယ်လက်လှုပ်ရှားခြင်းဟာ ကလေးများဥာဏ်ရည် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံးသော အရေးပါဆုံးသော အရာပါပဲ။ ကလေးများအတွက် ခန္ဓာကိုယ်လှုပ်ရှားခြင်းနဲ့ ဦးနှောက်ဖွံ့ဖြိုးခြင်းဟာ တိုက်ရိုက်ဆက်သွယ်နေပါတယ်။ ကလေးများကို ကစားခွင့်ပေးပါ။ အားကစားများများလုပ်ခိုင်းပါ။


၄။ အာဟာရမျှတစွာကျွေးပါ။

ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အာဟာရကလဲ အရေးကြီးသော အချက်ဖြစ်ပါတယ်။ ကလေးအရွယ်မှာ အရေးကြီးတဲ့ အာဟာရဓာတ်များကတော့ အဆီဓာတ်၊ အသားဓာတ်နဲ့ ဗီတာမင်၊ သတ္ထုဓာတ်များစွာပါ။ ဦးနှောက်ဖွံ့ဖြိုးမှုကောင်းစေမယ့် အဆီဓာတ်များစွာရဖို့အတွက် သီဟိုဠ်စေ့၊ နေကြာစေ့၊ ဖရုံစေ့ စတဲ့ အစေ့အဆန်မျိုးစုံကိုကျွေးရပါမယ်။ ကလေးများအတွက် အာဟာရအကြောင်းကိုလဲ အလျဥ်းသင့်သလို ရေးသားပေးသွားပါမယ်။


၅။ ဥာဏ်ရည်ဖွံ့ဖြိုးစေမယ့် ကစားနည်းများကစားခြင်း

ဥာဏ်ရည်ဖွံ့ဖြိုးစေမယ့် ကစားနည်းတွေကတော့ အများကြီးပါပဲ။ အလွယ်ကူဆုံးကစားနည်းတွေကို ပြောရမယ်ဆိုရင် ကစားနည်းတွေပါ။ အခုခေတ်မှာကတော့ ကစားနည်းတွေနဲ့ ကစားလို့ရတဲ့ ပစ္စည်းတွေလဲ အများကြီး အလွယ်အကူရနိုင်နေပါပြီ။


၆။ မကန့်သတ်ပါနဲ့၊ များများတွေးခိုင်းပါ။

ကလေးများကို စဥ်းစားခိုင်းပါ။ တွေးတောခိုင်းပါ။ နေ့စဥ်အတွေ့အကြုံတွေကနေသင်ယူစေပါ။ တွေးခိုင်းပါ။ ငါးဟင်းစားနေရင် ငါးကလေးတွေကဘယ်ကလာတာလဲ။ ငါးတွေကကောဘာစားကြမယ်ထင်သလဲ စသည်ဖြင့် ပြောဆိုဆွေးနွေးကြတဲ့ အပေါ်မှာ မေးခွန်းတွေ ထပ်ဆောင်းမေးပေးပါ။ ကလေးများက မေးခွန်းတွေ မေးလာတဲ့ အခါမှာလည်း စိတ်ရှည်ရှည်နဲ့ ဖြေပေးပါ။ အဖြေမသိတဲ့ မေးခွန်းတွေ မေးလာခဲ့ရင် ရမ်းပြီး မဖြေဖို့ကိုလဲ အားပေးပါရစေ။ မသိရင် မသိကြောင်း၀န်ခံပါ။


၇။ မေးခွန်းများများမေးပေးပါ။

ကလေးများနဲ့ စကားပြောတဲ့ အချိန်တိုင်းမှာ မေးခွန်းတွေမေးပေးပါ။ အဖွင့်မေးခွန်းများကို သုံးပါ။ ဥပမာ. သားသားကောဘယ်လိုထင်သလဲ စသည့်မေးခွန်းမျိုးပါ။ ဟုတ်ကဲ့၊ မဟုတ်ဘူးစတဲ့ အဖြေများဖြေရတဲ့မေးခွန်းတွေဟာ အပိတ်မေးခွန်းတွေပါ။ မေးခွန်းတစ်ခုအားဖြင့် ကလေးကစဥ်းစားပြီးဖြေရတဲ့မေးခွန်းများကိုမေးပါ။ ဘာဖြေဖြေမှန်တဲ့မေးခွန်းမျိုးတွေပါ။


ဒီအချက်လေး‌တွေကတော့ မိဘများနှင့် ဆရာ/ဆရာမများ အလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလမ်း‌လေး‌တွေပဲဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Recent Posts

See All
ခက်ခဲသောကာလတွင် ကလေးများ၏ စိတ်ကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်း

ယခုကာလဟာ အားလုံးသိကြတဲ့အတိုင်းပဲ ကိုဗစ်ရောဂါကပ်ဆိုးကြောင့်တင်မကပဲ စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်နေ ကလေး၊လူကြီးမရွေး အားလုံးနီးပါး...

 
 
 

Comments


စာ‌စောင်များကိုရယူလိုပါက

Thanks for submitting!

  • Facebook Black Round

© 2023 by Precious Child

Proudly created with Wix.com

Tel: +66 0991479673

bottom of page