top of page

ကလေးပြုစုစောင့်ရှောက်နည်း၄မျိုးအကြောင်း​အကျဥ်းချုပ်

  • Writer: htike
    htike
  • Jun 15, 2020
  • 1 min read

Updated: Jul 18, 2020


၁။Permissive Parenting

သူကတော့ ကလေးကိုလုပ်ချင်ရာလုပ်ခွင့်ပေးထားခြင်းပါ။ စည်းကမ်းပေးတာမျိုး၊ နားလည်သင့်တဲ့ကျင့်ဝတ်များကိုမသင်ပေးပဲ ကလေးနှစ်သက်တဲ့အတိုင်းနေစေတဲ့ ထိန်းကျောင်းနည်းမျိုးပါ။ ဒီလိုကလေးမျိုးဟာ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီးလုပ်ခွင့်ရှိတာကြောင့် တွေးခေါ်ခြင်းနဲ့တီထွင်နိုင်စွမ်းရည်မြင့်မားလာမယ့်အကျိုးရှိပေမယ့် စည်းမျဉ်းစည်းကမ်းကိုသင်ကြားခဲ့ရခြင်းမရှိတာကြောင့် လူ့ဘောင်အဖွဲ့အစည်းမှာ အံမဝင်ဖြစ်နိုင်ပါတယ်။ သူတို့လေးတွေဟာ လွန်စွာအလိုလိုက်ခံရတဲ့အဖွဲ့တွေပေါ့။


၂။Authoritarian Parenting

သူကတော့ထိန်းချုပ်မှုနဲ့ပြုစုပျိုးထောင်မှုပုံစံပါ။ ကလေးတွေဟာ မိဘရဲ့စည်းကမ်းတင်းကျပ်တဲ့ဘောင်ထဲမှာသာနေခွင့်ရှိပါတယ်။ မိဘက​မိမိဖြစ်စေချင်တဲ့အတိုင်းသာ ကလေးကိုဘောင်သွင်းတဲ့ အုပ်ထိန်းမှုပုံစံပါ။ ကလေးတွေဟာ မိဘလိုချင်တဲ့စံနှုန်းရောက်ဖို့ကြိုးစားရပါတယ်။ မိမိဖြစ်စေချင်တဲ့အတိုင်းသာ​ပြုမူနေထိုင်ရပါတယ်။ ကလေးတွေမှာ ရွေးချယ် ခွင့်​မရှိပါဘူး။ ဒီလိုကလေးမျိုးဟာ ပညာရပ်တစ်စုံတစ်ခုမှာထူးချွန်ကြပါတယ်။ မိဘကိုအကြောက်တရားနဲ့သာဆက်ဆံပြီး ချစ်ခြင်းမေတ္တာကိုနည်းပါးစွာခံစားရနိုင်ပါတယ်။ ကလေးနဲ့မိဘကြားမှာ​ချစ်ခြင်းမေတ္တာတွယ်တာမှုအားနည်းတဲ့စောင့်ရှောက်မှုပုံစံပါ။ ကိုယ်တိုင်ဆုံးဖြတ်လုပ်ဆောင်ခွင့်မရှိတာကြောင့် တွေးခေါ်မှုနဲ့ တီထွင်ကြံဆမှုတွေမှာအားနည်းတတ်ပါတယ်။ စည်းဘောင်နဲ့နေရတာကြောင့်ပတ်ဝန်းကျင်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့မလိုလားအပ်တဲ့ဘေးတွေတော့ ကာကွယ်နိုင်ပါတယ်။


၃။Authoritative Parenting

သူကတော့​ကြားထဲကထိန်းချုပ်နည်းပုံစံပါ။ စည်းဘောင်အတွင်းမှာ ကလေးဟာ လွတ်လပ်ခွင့်ရှိပါတယ်။ ကလေးနဲ့မိဘအပြန်အလှန် နားလည်မှုနဲ့ ထိန်းကျောင်းနည်းမျိုးပါ။ မိဘက စည်းကမ်းဘောင်များကို ကလေးလုပ်ဆောင်နိုင်တဲ့ အကန့်အသတ်အတွင်းမှာ ထားပေးတတ်ပြီး အခြေအနေ​အချိန်အခါအလိုက်လဲ နားလည်ပြောင်းလဲ ပေးပါတယ်။ ကလေးနဲ့ ညှိနှိုင်းဆောင်ကွက်တတ်တဲ့​ပျိုးထောင်နည်းတစ်ခုပါ။ ဒီပြုစုစောင့်ရှောက်နည်းပုံစံကတော့​ မိဘက​ ကလေးရဲ့အနေအထားကိုကြည့်ပြီး စည်းကမ်းတင်းကျပ်သင့်တဲ့အခါစည်းကမ်းပေးပြီး လွတ်လပ်သင့်တဲ့အခါမှာလဲ ကလေးကို လွတ်လပ်စွာဆုံးဖြတ်နေထိုင်စေပါတယ်။


၄။Uninvolved Parenting

ဒီမိဘအမျိုးအစားကတော့ ကလေးကိုစိတ်ဝင်စားမှုမရှိတဲ့အမျိုးအစားလို့အလွယ်တကူခေါ်လို့ရပါတယ်။ ကလေးရဲ့နေ့စဉ်ကိစ္စအဝဝကို မသိပဲ ဂရုမစိုက်ပဲနေတဲ့​ဒါမှမဟုတ်​မိမိအလုပ်နဲ့သာ ပိနေတတ်တဲ့

အမျိုးအစားတစ်ခုပါ။ ဒီလိုပြုစုမှုအောက်မှာကြီးပြင်းရတဲ့ကလေးတွေဟာ မေတ္တာကိုလွန်စွာငတ်မွတ်တတ်သလို အခြားတစ်ဖက်မှာ ချစ်ခြင်းမေတ္တာကိုနားမလည်ပဲ အမုန်းတရားနဲ့ကြီးပြင်းသူတွေဖြစ်လာပါတယ်။ ဒီကလေးတွဟာ မိမိဘာသာရပ်တည်ရတာသို့မဟုတ် အခြားသောမိဘမဟုတ်သူတွေရဲ့အုပ်ထိန်းမှုအောက်မှာနေရတာကြောင့် လုပ်ဆောင်နိုင်စွမ်းရည်မြင့်မားတက်ကြပါတယ်။ သို့ပေမယ့် လူ့အဖွဲ့အစည်းနဲ့အံဝင်ဂွ်ကျဖို့တော့ခက်ခဲပါတယ်။ သေချာပဲ့ပြင်မယ့်သူမရှိတာကြောင့် အမှားများစွာလုပ်နိုင့်ရာခိုင်နှုန်းလဲမြင့်မားပါတယ်။


ဒီလေးမျိုးထဲက ဘယ်လိုပြုစုနည်းပုံစံဟာ မိဘတို့ရွေးချယ်သင့်ပါသလဲ။ အားသာချက်အားနည်းချက်တွေကိုထောက်ပြထားတာမို့ မိမိရင်သွေးအတွက်သင့်တော်သောအုပ်ထိန်းမှုပုံစံကိုရွေးချယ်နိုင်ပါစေလို့ဆန္ဒပြုပါတယ်။

 
 
 

Recent Posts

See All
ခက်ခဲသောကာလတွင် ကလေးများ၏ စိတ်ကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်း

ယခုကာလဟာ အားလုံးသိကြတဲ့အတိုင်းပဲ ကိုဗစ်ရောဂါကပ်ဆိုးကြောင့်တင်မကပဲ စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်နေ ကလေး၊လူကြီးမရွေး အားလုံးနီးပါး...

 
 
 

Comments


စာ‌စောင်များကိုရယူလိုပါက

Thanks for submitting!

  • Facebook Black Round

© 2023 by Precious Child

Proudly created with Wix.com

Tel: +66 0991479673

bottom of page